top of page
  • alt.text.label.YouTube
  • alt.text.label.Facebook
1_Main_Logo_resized.png

 

ဒီ Christmas မှာ စိတ်သန့်သန့်နဲ့ အနားယူပြီး စာလည်းရမယ့် နည်းလမ်းရှိလား? 🎄✨ 

ဒီဇင်ဘာရောက်ပြီဆိုတော့ ပတ်ဝန်းကျင်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေပြီနော်။ ဒီလိုအချိန်မှာ စာလုပ်ဖို့ စိတ်မပါတာ၊ အာရုံစိုက်မရတာ အရမ်းကို သဘာဝကျပါတယ်။ 

ဒါပေမဲ့ တစ်ဖက်မှာလည်း... "ငါ ဒီအချိန် စာမလုပ်ရင် နောက်ကျကျန်ခဲ့မှာလား"၊ "စာမေးပွဲအတွက် ဘာမှမပြီးသေးဘူး" ဆိုတဲ့ အတွေးတွေနဲ့ စိတ်မသန့်ဖြစ်နေရတယ် မဟုတ်လား။ အနားယူနေရပေမဲ့ စိတ်ထဲမှာ လေးလံနေတာမျိုးပေါ့။ 

ညီလေး၊ ညီမလေးတို့ကို အစ်ကို ပြောချင်တာက... "နားသင့်တဲ့အချိန်မှာ အပြည့်အဝနားပါ။ ဒါပေမဲ့ စာလုပ်တဲ့အချိန်မှာတော့ ထိရောက်ပါစေ။" 

တစ်နေ့လုံး computerရှေ့ထိုင်ပြီး စာတွေဖတ်နေမှ စာလုပ်တာ မဟုတ်ပါဘူး။ အချိန်တိုတိုလေးပေးပြီး အနှစ်ချုပ် (Study Notes) လေးတွေ ဖတ်မယ်၊ ဖုန်းပွတ်ရင်း Flashcards လေးတွေနဲ့ ကစားမယ်ဆိုရင် ပွဲလမ်းသဘင်လည်းနွှဲရင်း စာလည်းမလွတ်တော့ဘူးပေါ့။ 

ဒါကြောင့် ဒီနှစ် Christmas မှာ ကိုယ့်ကိုယ်ကို (ဒါမှမဟုတ် ကိုယ့်သားသမီးကို) ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ "Smart Study Tools" တွေပါပဲ။ 

ကျွန်တော်တို့ဘက်ကလည်း ညီလေး၊ ညီမလေးတို့ရဲ့ New Year Goal တွေကို Support လုပ်ပေးတဲ့အနေနဲ့ Products အားလုံးကို “၃လစာ ဝယ်ယူရင်” 50% Discount (ထက်ဝက်ဈေး) လက်ဆောင်ပေးထားပါတယ်။ 🎁 

ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Package လေးတွေကို ဒီလိုရွေးချယ်လို့ရပါတယ်... 👇 

🌱 အခုမှစလေ့လာမယ့်သူတွေအတွက် (STARTER Package) စာအုပ်အထူကြီးတွေမြင်ပြီး စိတ်ဓာတ်မကျသွားအောင် အနှစ်ချုပ် Study Notes တွေနဲ့ Flashcards တွေ အဓိကပါတယ်ဗျ။ 

  • (ပုံမှန် ၁၂၀,၀၀၀ ကျပ်ကို ၆၀,၀၀၀ ကျပ် ပဲ ကျပါတော့မယ်) 

🏗️ အခြေခံ သေချာချင်သူတွေအတွက် (BUILDER Package) Concept ကို သေချာနားလည်ပြီး စာမေးပွဲမဖြေခင် Mock Test တွေပါ စမ်းဖြေကြည့်ချင်ရင် ဒါလေးရွေးပါ။ Flashcards အခု ၁၀၀၀ တောင်ပါတာဆိုတော့ စကားလုံးအခက်အခဲ မရှိတော့ဘူးပေါ့။ 

  • (ပုံမှန် ၁၆၈,၀၀၀ ကျပ်ကို ၈၄,၀၀၀ ကျပ် ဖြစ်သွားပါပြီ) 

🏆 တစ်ခါတည်း အပြတ်ဖြတ်မယ့်သူတွေအတွက် (MASTERY Package) ဒါကတော့ အစုံလင်ဆုံးပါပဲ။ Mock Test ပေါင်း ၃၂ ခုနဲ့ Practice Questions ၁၂၀၀ ကျော်ပါတော့ စာမေးပွဲခန်းထဲဝင်ရင် ကြောက်စိတ်မရှိဘဲ ယုံကြည်မှုအပြည့်နဲ့ ဖြေနိုင်မှာပါ။ 

  • (ပုံမှန် ၁၉၂,၀၀၀ ကျပ်ကို ၉၆,၀၀၀ ကျပ် အထိ လျှော့ပေးထားပါတယ်) 

🗓 ဒီအခွင့်အရေးလေးက 2025 ဒီဇင်ဘာ ၂၀ ကနေ 2026 ဇန်နဝါရီ ၂၀ အထိ တစ်လတိတိပဲ ရမှာနော်။ 

ဒီရက်ပိုင်းမှာ စိတ်ရှုပ်ခံပြီး စာအုပ်ပုံထဲ အချိန်ကုန်မခံပါနဲ့။ ကိုယ့်အတွက် အထိရောက်ဆုံးမယ့် Package လေးတစ်ခုကိုရွေးပြီး စိတ်အေးလက်အေး ပြင်ဆင်လိုက်ပါ။ 

💬 ကိုယ်နဲ့ ဘယ် Package က အဆင်ပြေဆုံးဖြစ်မလဲ ဆွေးနွေးချင်ရင် Messenger မှာ "CM" လို့သာ ရေးပို့လိုက်ပါဗျာ။ အသေးစိတ် ရှင်းပြပေးပါ့မယ်။ 

Fighting ပါနော် အားလုံးပဲ! 💪 

"GEDမှာ creditထွက်ဖို့ GED Creditနဲ့ စာလုပ်ပါ" 

 #GEDCredit #GED #creditscore #StudyResources #studytips #ebooks #GEDebooks 

 

 

bottom of page